ဇလွန် မတ် ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ဇလွန်မြို့နယ်အတွင်းရှိ MCCT အစီအစဉ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင် (၂၅၃၃)ဦး၊ ကလေးသူငယ် (၁၆၄၈)ဦး စုစုပေါင်း (၄၁၈၁)ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ် ၁၈၃၇၃၅၀၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြန်လည်ထောက်ပံ့ ပေးအပ်သွားမည်​ဖြစ်ကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)