မတ် ၁၅

 

ဘရူနိုင်းနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၇၈ ဦးရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၁၄၃၇၁ ဦးအထိရှိလာသည်။

 

ထပ်မံကူးစက်ခံရသူအားလုံးမှာ ပြည်တွင်းကူးစက်မှုများဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ဘရူနိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖိုက်ဇာ၊ ဘိုင်အိုတက်၊ မိုဒါနာ၊ အက်ထရာဇနီကာနှင့် တရုတ်နိုင်ငံထုတ် ဆီနိုဖမ်တို့ထိုးနှံပေးခဲ့သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၇၀ ရှိလာသည်။

 

ဘရူနိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာဦးရေ ၃၀၄၄၀ ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၈၃၇၆၁ ဦးရှိသည်ဟု ဖော်ပြထားသည်။

 

မလေးရှားနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်လှုပ်ရှားဆောင်ရွက်မှုများကို ယာယီရပ်ဆိုင်းထားရာ မတ်လ ၁၆ ရက်မှ ၃၁ ရက်နေ့အထိ  ၁၆ ရက် သက်တမ်းတိုးမြှင့်မည် ဖြစ်ကြောင်း ဘရူနိုင်းဝန်ကြီးချုပ်ရုံးက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို