ချင်းရွှေဟော် မတ် ၁၆

 

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံရှေ့နှင့် စည်ပင်သာယာရေးဦးစီးဌာနရုံးရှေ့ မျက်နှာစာတွင် ကတ်တုံးများ တည်ဆောက်ခြင်းနှင့်  ပန်းခုံများ ဆေးသုတ်ခြင်းတို့အား မြို့အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးစီးပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လုပ်ငန်းအား ဖေဖော်ဝါရီအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းပြီး စတင်ဆောင်ရွက်ခဲ့ကာ မတ် (၁၅) ရက်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးဆောင်ရွက်ခဲ့ပြီး မြို့သန့်ရှင်းသာယာ လှပရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

စည်သူမောင်မောင်(ပြန်/ဆက်)