ကွာလာလမ်ပူ   မတ်   ၁၈

မလေးရှားနိုင်ငံ၌ လွန်ခဲ့သော တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၉၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၉၀၀၄၃၃ ဦးရှိလာပြီဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက မတ်  ၁၇ ရက်က သတင်းထုတ်ပြန်သည်။

အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၆၉၈ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာ သူများ ဖြစ်ပြီး ၂၇၆၀၀ သည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်သည်။

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ လူနာ ၁၀၅ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါ ကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၃၄၀၉၉ ဦးရှိလာပြီဖြစ်သည်။

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း လူနာ ၃၃၀၀၉ ဦး ရောဂါမှ ပြန်လည်သက်သာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသူပေါင်း ၃၅၆၇၀၀၃ ဦးရှိလာကြောင်း သိရသည်။

လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၉၉၃၃၁ ဦးရှိပြီး ယင်းတို့ အနက် ၃၇၄ ဦးသည် ရောဂါပြင်းထန်စွာ ခံစားနေရသည်။ ၎င်းတို့အနက် ၂၃၃ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများ တပ်ဆင် ထားရကြောင်း သိရသည်။

နိုင်ငံ့လူဦးရေ၏ ၈၃ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၇၈ ဒသမ ၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။ ပြည်သူ ၄၇ ဒသမ ၁ ရာခိုင်နှုန်းသည် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်