မိုင်းယု မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုပြီး အသိပညာပေးလုပ်ငန်းများဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရှောင်ရှားရေးအကြောင်းနှင့် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲအကြောင်း ပြည်သူများသိရှိနိုင်ရေး အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မသန်စွမ်းသူများ ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများအကြောင်း၊ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ကို အလေးပေးဆောင်ရွက်နိုင်ကြစေရန် ကမ္ဘာတစ်လွှား အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို သတ်မှတ်ကျင်းပလျက်ရှိကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အားချာ


