အထက်မင်းလှ  မတ်  ၁၈

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  မင်းလှမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ ဖူလုံမှုရရှိစေရန် မြင်ကျ‌‌တောင်‌ရေပေးရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့်ဝန်ထမ်းများက မတ် ၁၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းသောက်သုံးရေဖူလုံမှုရှိ စေရန်အတွက် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာ၊ မြင်ကျတောင်အနီး ကျောက်မှော်ကျောင်းမှ ပင်မရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံနှင့် ရေစုကန်ဆောင်ရွက်ခြင်း၊ ပွန်တွန်းနှင့် မော်တာပန့်ဆောင်ရွက်ခြင်းတို့ကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်းမှ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရေပိုက်လိုင်းဆောင်ရွက် ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက ရေပိုက်လိုင်းသွယ်တန်းမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မင်းလှမြို့နယ် အမှတ်(၈)၊ အမှတ်(၁၀)နှင့် ဧရာဝတီ ကွက်သစ်ရပ်ကွက်များရှိ ပြည်သူများအ‌နေဖြင့် သောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)