မိုင်းယောင်း မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို မတ် ၁၈ ရက်တွင် ခင်းကျင်းပြသကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်၊ လူကုန်ကူးမှုကိစ္စရပ်များကို သံသယရှိပါက အနီးဆုံးရဲစခန်း သို့မဟုတ် ဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးခြင်းဆိုသည်မှာ အဘယ်နည်း၊ လူကုန်ကူးခြင်း အဘယ်ကြောင့်ဖြစ်သနည်း၊ လူကုန်ကူးခြင်း လျော့နည်းအောင် မည်သို့လုပ်မည်နည်း၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရသူများကို မည်ကဲ့သို့ ကူညီကြမည်နည်း စသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးအကြောင်းများကို ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားရာ လူငယ်များ၊ ဒေသခံပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


