ကွမ်းလုံ မတ် ၁၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့ တံတားသစ်စီမံကိန်းတွင် ပါဝင်သွားသော မြေယာ၊ သီးနှံနှင့် အဆောက်အအုံများအတွက် (ပဉ္စမအကြိမ်)လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို မတ် ၁၈ ရက် နံနက် ၁၀ နာရီက ကွမ်းလုံမြို့ သံလွင်ဦးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်မြေယာလျော်ကြေးငွေပေးအပ်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက မြေယာလျော်ကြေးပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမြင့်အောင်က မြေယာလျော်ကြေးဆိုင်ရာ ကိစ္စရပ်များအား ဒေသခံတောင်သူ များ သိရှိနိုင်ရေး တိုင်းရင်းသားဘာသာစကားဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဗိုလ်မှူးကြီးမြင့်ဇော်၊ မြို့နယ်မြေယာလျော်ကြေးငွေပေးအပ်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက ဒေသခံတောင်သူ(၁၆)ဦးတို့၏ မြေယာသီးနှံနှင့် အဆောက်အအုံ တို့အတွက် လျော်ကြေးငွေများကို တောင်သူတစ်ဦးချင်းအလိုက် ပေးအပ်ကြသည်။

 

အဆိုပါ ကွမ်းလုံတံတားသစ်စီမံကိန်းတွင် ပါဝင်သွားသော မြေယာ၊ သီးနှံနှင့် အဆောက်အအုံများအတွက် တောင်သူ(၁၆)ဦးအား ကျပ် ၁၆၅,၀၀၀,၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)