မတ်   ၁၈

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု အမျိုးသား စစ်ဌာနချုပ်နှင့်စစ်ဆင်ရေးစင်တာ (အင်န်စီအိုစီ)က ယနေ့တွင်ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း လူပေါင်း ၂၈၅၄၄ ဦးကို စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ခဲ့ရာ ကိုဗစ်ရောဂါ ထပ်မံကူးစက်သူများကိုတွေ့ရှိခဲ့သည်။

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၀၈၁၇ ဦးရှိသည်ဟု အင်န်စီအိုစီ၏ပြောကြားချက် အရ သိရသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် လူ ခုနစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၃၂၆ ဦးအထိ ရှိလာသည်။

နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်သည် ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး ရောဂါကူးစက် ခံရသူ ၅၇၂၈၆၈ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို