ညောင်တုန်း မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝဘေး ကြိုတင်ကာကွယ် ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မတ် ၁၈ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ၊ မီးဘေးနှင့် လေပြင်းဘေးအတွက် ကြိုတင် ကာကွယ် ပြင်ဆင်ရန်အချက်များ စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများပါဝင်သော နံရံကပ်ဘုတ်အား အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)


