အုတ်တွင်း    မတ်     ၁၈

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ  ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၅၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

အုတ်တွင်းမြို့နယ်ရှိ အ.ထ.က(အုတ်တွင်း)၊ အ.ထ.က (ကျွဲပွဲ)၊ အ.ထ.က(တပ်နယ်)၊ အ.ထ.က(ထန်းကုန်း)၊ အ.ထ.က(ဗောဓိကုန်း)၊ အ.ထ.က (ညောင်ခြေထောက်) စာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူ(၈၁၅)ဦး၊ ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၃၉)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၂၅၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)