မုံရွာ   မတ်   ၁၉

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို မတ် ၁၈ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး / ခရိုင်အဆင့် စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်များမှ စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကလေးခရိုင်တို့မှ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြသည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တင်ပြချက်များအပေါ် သုံးသပ်တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြ ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)