ဝါးခယ်မ   မတ်  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယခုနှစ်အတွက် နွေစပါးစိုက်ပျိုးမှု ၁၀၃၇၆၅ ဧက စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဝါးခယ်မမြို့နယ်၌ ယခုနှစ်အတွက် အဓိကထား စိုက်ပျိုးသော စပါးအမျိုးအစားများမှာ  ဆင်းသုခနှင့်  သီးထပ်ရင် အစရှိသည့် အထွက်နှုန်းကောင်းမွန်သည့်   မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးလျက် ရှိကြောင်း၊ တောင်သူများအနေဖြင့် စပါးအထွက်နှုန်း ကောင်းမွန်ရန် လိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးနည်းလမ်းများအတိုင်း ပက်ဖျန်းကျွေးမွေးခြင်းဖြင့် အထွက်နှုန်း အရည်အသွေးပြည့်မီရေး    ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)