လွိုင်ကော်   မတ်   ၁၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ၊ စက်မှုဇုန်၌ မတ် ၁၉ ရက် နံနက် ၆ နာရီခွဲက မီးလောင်မှုဖြစ်ပွားရာ လွိုင်ကော်မြို့နယ်မီးသတ်မှ သွားရောက်ငြှိမ်းသတ်ခဲ့သည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ၊ စက်မှုဇုန် ၁၄ လမ်းဘေး၊ (၁၆-၂၀) အကွက်ရှိ ဦးကိုစိုင်းရွှေလူ၏ ဘက်ထရီခဲကျိုစက်ရုံတွင် ပေ ၁၈၀ ၊ ပေ ၆၀ သွပ်မိုး၊ ကွန်ကရစ်ခင်း အဆောက်အအုံရှိ လျှပ်စစ်မိန်းခုံမှ အပူလွန်ကဲပြီး အနီးရှိ စုပုံထားသော ဘက်ထရီအိုးအဟောင်း များအား မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဘက်ထရီခဲကျိုစက်ရုံ မန်နေဂျာအား လွိုင်ကော်မြို့နယ်ရဲစခန်းမှ (ပ-၁၁၉/၂၀၂၂) (၂၈၅) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)