ပေါက်တော   မတ်    ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၇၀၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁၄ ကျောင်း အပါအဝင် အဋ္ဌမတန်း (Grade-9) စာစစ်ဌာန ၇၆ ခုတို့တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်  အခြေခံပညာ အလယ်တန်း အဆင့်  Grade -10 ထိ နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ဆက်လက်စစ်ဆေးလျက်ရှိသည်။

နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်းကို ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ စိတ်ချမ်းသာစွာ အဆင်ပြေပြေဖြင့် ဖြေဆိုနိုင်ရန် စနစ်တကျကြီးကြပ်ပေးကြ၍ သက်ဆိုင်ရာ စာစစ်ဌာန စာသင်ကျောင်းများတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)