ကျိုင်းတုံ မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ နှစ်ဆုံးစာမေးပွဲကို မတ် ၁၇ ရက်မှစ၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် သင်ရိုးသစ်(Grade-4) နှစ်ဆုံး စစ်ဆေးခြင်းနှင့် အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ စစ်ဆေး၍ အလယ်တန်း ပြီးမြောက်မှုစာမေးပွဲ(Grade-9)နှင့် အထက်တန်းအဆင့် စာမေးပွဲများကို မတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျောင်းသား ကျောင်းသူများက ဖြေဆိုလျက်ရှိသည်။
ကျိုင်းတုံမြို့နယ်တွင် အလယ်တန်းပြီးမြောက်မှု စာမေးပွဲ(Grade-9) ကို စာစစ်ဌာန ၂၉ ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသား ကျောင်းသူ ဖြေဆိုမှု ၈၄ ဒသမ ၇၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


