သရက် မတ် ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အာကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက လူငယ်လူရွယ်များ အလေ့ကျင့်ကောင်းများ ပေါ်ထွန်းရေးခေါင်းစဉ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသူရခိုင်ကျော်က ကိုယ်လက်လှုပ်ရှား အားကစားနှင့် အားကစားစိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လူငယ်လူရွယ်များ အတွေးအခေါ် အသိပညာ တိုးတက်မြင့်မားစေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)


