ကလော မတ် ၂၀

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံဖြိုးရေး အသိပညာပေးဟောပြောပွဲကို မတ် ၁၉ ရက် နံနက် ၁၁ နာရီက ကလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ဦးစွာ ကလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က “လူငယ်နှင့်စာရိတ္တ”၊ “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကလောမြို့နယ် အားကစားနှင့် လူငယ်ရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကျော့ကေခိုင်ထွန်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏစာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာ ကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်နှင့် အားကစားအကြောင်း အသီးသီးဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်ဝင်း(ပြန်/ဆက်)