ညောင်တုန်း မတ် ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်းလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ထားရှိရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ မုန်တိုင်းဘေးကျရောက်ပါက အချိန်မီရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထက်ဝေဖြိုး(ပြန်/ဆက်)