ကော့ကရိတ် မတ် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် (၃၄၃ ဒသမ ၂၈၃) သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး - ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ကွန်ကရစ်လမ်း ၁/၄ မိုင်ခင်းခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်း စစ်ဆေးသည်။
ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ထို့ကော်ကိုး-ကျော်ခို ၂/၀ မိုင်ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားလမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
သတင်းစဉ်


