မင်းဘူး မတ် ၂၂

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးမှုအား မတ် ၂၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ထနောင်းတောကျေးရွာအုပ်စု၊ တောဘို့ကုန်းကျေးရွာ ပွေးကျစ်လက်တံ မြောင်းဘောင် ကုန်ထုတ်လမ်း အရှည် ၁၁၃၂၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့်  ၆ လက်မ မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


     
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ၅၄ ဒသမ ၅ သန်းဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသဖြင့် ကျေးရွာ ၉ ရွာတို့၏ စိုက်ပျိုးမြေဧက ၁၈၆၀  ဧကကျော်မှ  ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။

 

ဇင်မာ