လော့စ်အိန်ဂျလိစ် မတ် ၂၃
အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းလေးပတ်တာကာလအတွင်း ကလေးငယ်စုစုပေါင်း နှစ်သိန်းခုနစ်သောင်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း အမေရိကန်ကလေး အထူးကုအကယ်ဒမီနှင့် ကလေးဆေးရုံအသင်းက မတ် ၂၁ ရက်တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတင် ဖြစ်ပွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးငယ်စုစုပေါင်း ၁၂ ဒသမ ၈ သန်းခန့်ရှိကြောင်းနှင့် အဆိုပါ အရေအတွက်သည် အမေရိကန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်ကလေးငယ်စုစုပေါင်း ၃၁၉၉၁ ဦး ရှိခြင်းကြောင့် လွန်ခဲ့သည့် သီတင်းလေးပတ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးငယ် နှစ်သိန်းခုနစ် သောင်းနီးပါးရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ။
အမေရိကန်ကလေးအထူးကုအကယ်ဒမီနှင့် ကလေးဆေးရုံအသင်း၏ သတင်းထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်နှစ် စက်တင်ဘာလနောက်ပိုင်းမှစတင်ကာ လက်ရှိအချိန် ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်