ဆိုးလ် မတ် ၂၃

 

လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်လျှင် တောင်ကိုရီးယားနိုင်ငံတွင် မတ် ၂၂ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၅၃၉၈၀ တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၉၉၃၆၅၄၀ အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်များကမတ် ၂၂ ရက်က ပြောကြားလိုက်သည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင်ရက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့် ပမာဏ ၂၀၉၁၆၅ ဦးထက် သိသိသာသာ မြင့်တက်ခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (ကေဒီစီအေ) က ထုတ်ပြန် ကြေညာလိုက်သည်။

 

အိုမီခရွန်ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေစဉ် မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ် ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူး စက်ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။ ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများ အနက် ၆၅၀၃၃ ဦးမှာ ဆိုးလ်ဒေသ ခံများဖြစ်ကာ ၉၆၂၅၆ ဦးမှာ ချုံ ပြည်နယ်မှဖြစ်ပြီး ၁၇၅၆၈ ဦးမှာ အင်ချွန်မှဖြစ်သည်။ ။

 

မြို့တော်မဟုတ်သည် နေရာဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်လက် ကူးစက်ပြန့်ပွားလျက် ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားသူ ၁၇၅၀၇၇ ဦး သို့မဟုတ် ၄၉ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ ပြည်ပကူးစက်ဖြစ်ပွားသူ ၄၆ ဦးနှင့်အတူ စုစုပေါင်း ပြည်ပကူးစက်ဖြစ်ပွားသူ အရေအတွက် ၃၀၇၀၉ ဦးအထိ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသောအခြေအနေခံစားနေ ရသူ ၁၁၀၄ ဦးရှိပြီး ယခင်ရက်ကထက် ၂၆ ဦးလျော့နည်းခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ၃၈၄ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၁၃၁၄၁ ဦး အထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှုများ စတင် ပြုလုပ်ခဲ့သည့်အချိန်မှစကာ ယခုအချိန်ထိ လူပေါင်း ၄၄၉၃၁၅၈၂ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၇ ဒသမ ၆ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၄၄၆၁၇၂၂ ဦး သို့မဟုတ် ၈၆ ဒသမ ၆ ရာခိုင်နှုန်းရှိပြီဖြစ်သည်။

 

ထို့အတူ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်းမှာလည်း ၃၂၄၁၉၂၀၉ ဦး သို့မဟုတ် လူဦးရေ၏ ၆၃ ဒသမ၂ ရာခိုင်နှုန်းရှိသည်။

 

ဆင်ဟွာ