မတ် ၂၃
နယူးယောက်မြို့တော်ဝန်အဲရစ်အဒမ်က လက်ရှိအခြေအနေတွင် ကိုဗစ်ရောဂါကူးစက်မှုနည်းပါးလာခြင်းကို ထိန်းထားနိုင်ပါက နေ့ကလေးထိန်းကျောင်းများနှင့် စာသင်ကျောင်းများတွင် အသက်ငါးနှစ်အောက်ကလေးများ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုစည်းမျဉ်းကို ဧပြီ ၄ ရက်တွင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားသည်။
ကလေးများနှင့် စာသင်ကျောင်းဝန်ထမ်းများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းဆက်လက်တပ်ဆင်လိုပါက တပ်ဆင်နိုင်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
အသက် ငါးနှစ်နှင့်အထက် ကျောင်းသားများအား ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုကို မတ်လ ၇ ရက်က ပယ်ဖျက်ခဲ့သည်။
အသက်ငါးနှစ်အောက်အရွယ်ရှိ ကလေးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခွင့် မရရှိသေးပေ။
နယူးယောက်ပြည်နယ်အစိုးရ ထုတ်ပြန်သောအချက်အလက်အရ နယူးယောက်မြို့တွင် ပျမ်းမျှ ခုနစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှုန်းသည် ၁ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးအဆင့်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို