မကွေး မတ် ၂၄

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၂၃ ရက် မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦး‌ဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းအောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပြောကြားကာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဖြန့်ဝေ၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

 

ကိုအောင်