မတ် ၂၄
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလျော့နည်းလာသဖြင့် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ ထပ်မံဖြေလျှော့ပေးမည်ဟု ဝန်ကြီးချုပ် လီရှန်လွန်းက ယနေ့တွင် ပြောကြားသည်။
လုပ်ငန်းခွင်များသို့ အလုပ်သမားဦးရေ ၇၅ ရာခိုင်နှုန်းအထက် ပြန်လည်ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပြီး အပြင်ထွက်ပါက ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရမည် ဖြစ်သည်။
အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်ကူးစက်မှုကိုကောင်းစွာထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသည့် ခရီးသွားဧည့်များအတွက် ကန့်သတ်ချက်အများစုကို ရုပ်သိမ်းထားကြောင်း ၎င်းကပြောသည်။
ကိုဗစ်ကူးစက်မှုအရေအတွက် မြင့်တက်လာမှုကိုရှောင်ရှားရန် နှစ်နှစ်ကျော်ကြာကျင့်သုံးခဲ့သည့် စီမံချက်များကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ပြီး ရောဂါကူးစက်မှုအခြေအနေတည်ငြိမ်ပါက ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ ထပ်မံလျှော့ချမည် ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၈၉၄၀ ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရသူပေါင်း ၁ ဒသမ ၀၄ သန်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို