ထားဝယ်  မတ်  ၂၅

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် မတ် ၂၅ ရက် နံနက်ပိုင်းက မော်ကယ်(ဆလုံ) တိုင်းရင်းသားများအား ဖိုင်ဘာလှေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က မော်ကယ်(ဆလုံ) တိုင်းရင်းသားများအား ဖိုင်ဘာလှေ ၄၃ စီး (တန်ဖိုး သိန်း ၁၇၀ ကျော်)နှင့် ငွေကျပ် ၇၅၀၀၀၀ ကျော်တန်ဖိုးရှိ ငါးမျှားကြိုးများအား  ထောက်ပံ့ပေးအပ်ကာ ကျွန်းစုမြို့နယ် မော်ကယ်(ဆလုံ) စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးငွေဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများက ဖိုင်ဘာလှေများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)