မိုင်းကိုင်    မတ်     ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်တွင် နေရပ်စွန့်ခွာခဲ့ရဖူးသူ ကျေးလက်နေပြည်သူများအား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝက်သားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို  မတ် ၂၅ ရက်က  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာအုပ်စုနှင့် ပန်ကေတုကျေးရွာအုပ်စုတို့မှ နေရပ်စွန့်ခွာခဲ့ရဖူးသူ ကျေးလက်နေပြည်သူ အိမ်ထောင်စု ၃၀ အတွက် တစ်အိမ်ထောင်စုလျှင် ဝက်တစ်ကောင်နှုန်းဖြင့် ဝက်အကောင်ရေ ၃၀ အား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အခမဲ့ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့  လွိုင်လင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု သုံးအုပ်စုမှ  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်နေပြည်သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်၊

ပြည့်ဖြိုးမောင်(မိုင်းကိုင်)