နေပြည်တော် မတ် ၂၅

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ စီမံကိန်းမန်နေဂျာ Mr. Ilia Mesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲ့မှု လုပ်ငန်းများနှင့် သဘာဝဘေးကြောင့် ထိခိုက်သူများနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်ရှိသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို မြန်မာနိုင်ငံဘက်က ရှင်းလင်းခဲ့ပြီး ရုရှားနိုင်ငံတွင်‌ စေတနာ့ဝန်ထမ်း စုဖွဲ့ဆောင်ရွက်မှုစနစ်ကို လေ့လာနိုင်ရေး၊  မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား Exchange Program များ ဆောင်ရွက်ရေးနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန် Myanmar Disaster Response Team သင်တန်းဖွင့်လှစ်ဆောင်ရွက်မှု၊ Social Work Institute တစ်ခုထူထောင်ရန် လိုအပ်နေမှုတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်