နေပြည်တော်၊ မတ် ၂၅
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စု၊ ထုံးအိုင်ကျေးရွာနေ မင်းလတ် (ခ) အဒေါက် ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၅၇ ကို သိမ်းဆည်းရမိခဲ့သည်၊။
အလားတူ ယင်းနေ့ နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ နားဘောင်ကျေးရွာအနီးတွင် ခွန်မောင်စိန် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား