အင်ကာရာ မတ် ၂၆

 

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒိုင်ရာဘာကီပြည်နယ် စက်မှုဇုန်တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီးနောက် လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ဒီအိတ်ချ်အေ သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

 

တတိယ စီးပွားရေးဇုန်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာမှာ ကာယာပီနာ ခရိုင်အလယ်ပိုင်းတွင် တည်ရှိသည်။ လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်မှာ အောက်ဆီဂျင် ဆလင်ဒါနှင့် ဆက်စပ်မှုရှိကောင်း ရှိနိုင်သည်ဟု အဆိုပါသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

 

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရဲများရောက်ရှိလာကြပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အချို့မှာ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြသည်ဟု သိရသည်။

 

ဆင်ဟွာ