မိုးညှင်း     မတ်    ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် မတ် ၂၄ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် အိမ် ၁၅ လုံးအပါအဝင် အခြားပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဘီလူးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ အိမ် ၁၅ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ စပါးကျီ လေးလုံး၊ ကျေးရွာဇရပ် တစ်လုံး၊ ကွန်ကရစ်မီးတိုင် ၄၀ စသည်တို့ ကျိုးကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားနေရာများသို့ တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း၍ စာရင်းများ ကောက်ယူခြင်းနှင့် ထောက်ပံ့‌ပေးအပ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း  သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)