ဖျာပုံ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲအဖြစ် သိပ္ပံဘာသာရပ်ကို မတ် ၂၆ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီးကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ စာစစ်ဌာနများတွင် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ၁၆၅၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)


