သဲကုန်း     မတ်     ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ဥပဒေရုံး အဆောက်အအုံဖွင့်ပွဲကို မတ် ၂၆ ရက် နံနက်ပိုင်းက အဆိုပါရုံးရှေ့၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်လွင်က ရုံးဆောက်လုပ်ခြင်း လုပ်ငန်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး ပျူနွယ်ဖွားကုမ္ပဏီ မန်နေဂျာ ဦးထွန်းထွန်းဝင်းက သဲကုန်းမြို့နယ်ရုံး အကြီးစားပြင်ဆင်ဆောက်လုပ်ခြင်း မှတ်တမ်း များအား တိုင်းဒေသကြီးဥပဒေအရာရှိထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် သဲကုန်းမြို့နယ်ဥပဒေရုံး အဆောက်အအုံသစ်အား ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့်အဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဥပဒေရုံး အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုသည်။

အဆိုပါ ရုံးအဆောက်အအုံသစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ် ၂၂ ဒသမ ၂၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား ၂၅ ပေ၊ အနံ ၃၇ ပေ၊ အမြင့် ၁၁ ပေ အကျယ်အဝန်းရှိကာ RC တစ်ထပ် အဆောက်အအုံ အမျိုးအစားဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)