သီပေါ    မတ်    ၂၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားကွင်းတွင် မတ် ၂၄ ရက်မှ စတင်၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

နွေရာသီအားကစားသင်တန်းသို့ သီပေါမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၅၀ တက်ရောက်လျက်ရှိပြီး ဘောလီဘော၊ ဘောလုံး၊ ခြင်းလုံး အားကစားနည်း သုံးမျိုးကို နည်းပြ ၁၀ ဦးက မတ် ၂၄ ရက်မှ ဧပြီ ၈ ရက်အထိ သင်ကြားပြသပေးလျက်ရှိကြောင်း မြို့နယ်အားကစားမှူး၏ ပြောပြချက်အရ သိရသည်။

ခင်လေး(ပြန်/ဆက်)