ကလော မတ် ၂၆
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် နွေရာသီအားကစားသင်တန်းကို မတ် ၂၅ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံးကျား/မ၊ Aeroic Fitness Dance၊ လက်ဝှေ့ စသည့် အားကစား နည်းများကို ကျွမ်းကျင်သောနည်းပြများဖြင့် မတ် ၂၅ ရက်မှ ဧပြီ ၁၀ ရက်အထိ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း၊ အားကစားသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅၀ တက်ရောက်လျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းထံမှ သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


