တန့်ယန်း မတ် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(တန့်ယန်း)မှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၂၆ ရက် နံနက် ၈ နာရီခွဲက အောင်သံလွင်ဂေါက်ကလပ်၌ ကျင်းပသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း တက်ရောက် ဖွင့်လှစ်ပေးကာ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဂေါက်သီးရိုက် ဝါသနာရှင်များ ပါဝင်သော ပြိုင်ပွဲဝင်အဖွဲ့ ၁၁ ဖွဲ့က ဂေါက်သီးရိုက် ကစားသမားစုစုပေါင်း ၆၁ ဦးနှင့်အတူ တပျော်တပါး ပါဝင်ဆင်နွှဲ ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုပေးပွဲကို (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


