အင်္ဂပူ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၁-၂၀ ၂၂ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းဆင့် Grade-9 စာမေးပွဲ နောက်ဆုံးနေ့ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
Grade-9 စာမေးပွဲကို အင်္ဂပူမြို့နယ်မှ ကျောင်းသား ၅၄၃ ဦး၊ ကျောင်းသူ ၇၀၉ ဦး စုစုပေါင်း ၁၂၅၂ ဦး ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၉၉ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)


