ချောင်းဆုံ    မတ်      ၂၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးပြီး နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားကွင်းရှိ အားကစားရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းတွင် အားကစားနည်း လေးမျိုးကို မတ် ၂၄ ရက်မှ ဧပြီ ၈ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး အားကစားနည်းအလိုက် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများက နည်းစနစ်မှန်ကန်စွာ သင်ကြားပေးလျက်ရှိသည်။ ရိုးရာခြင်းလုံးအားကစားနည်းတွင် ၁၀ ဦး၊ မြန်မာ့သိုင်း တွင် ၃၈ ဦး၊ တိုက်ကွမ်ဒိုတွင် ၄၉ ဦးနှင့် Fitness Dance တွင် ၂၀ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၁၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)