ကျိုက်လတ် မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲများကို ကျင်းပလျက်ရှိရာ မတ် ၂၆ ရက်တွင် နောက်ဆုံးနေ့အဖြစ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူ ၁၂၅၇ ဦးရှိပြီး အခြေခံပညာ ၅၃ ကျောင်းတွင် တစ်ပြိုင်တည်း ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရီရီမြင့်(ပြန်/ဆက်)


