ဝါးခယ်မ မတ် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော သရွတ်မြိုက်‌ ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ‌ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဥမ္မာရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

လေးအိမ်တန်း‌ကျေးရွာ ကွန်ကရစ်လမ်းသစ်သည် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆) လဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ခွင့်ပြုငွေကျပ် သိန်း (၁၀၀) နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၃၀) အကုန်အကျခံ ဆောင်ရွက်ခဲ့ပြီး အရှည် ၁၀၉၀ ပေ၊ အကျယ် ၆ ပေ၊ ထုတည် ၆ လက်မရှိကြောင်း သိရသည်။

 

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)