ဆော်ပေါ်လို မတ် ၂၈
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၉၂၂ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး အဆိုပါရောဂါဖြင့်သေဆုံးသူ ၁၉၆ ဦးထပ်တိုးလာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၉၈၃၂၁၇၉ ဦး ရှိလာကြောင်းနှင့် အဆိုပါရောဂါဖြင့်သေဆုံးသူပေါင်း ၆၅၈၇၆၂ ဦးရှိလာကြောင်း ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ အနက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွင် အမေရိကန် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘရာဇီးနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၄ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် လူပေါင်း ၁၅၉ ဒသမ ၇သန်းသည်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ၏ ၃၄ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၇၄ ဒသမ ၈သန်းသည်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတတိယ အကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်