ဟနွိုင်း မတ် ၂၈ 

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၂၀၅ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။

အဆိုပါနိုင်ငံအတွင်း အသုံးပြုခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအနက် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၈၇ ဒသမ ၉ သန်းထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၁၉၁၆ ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါတစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများသည် ပြည်တွင်း ၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၉၀၁၁၄၇၃ ဦးရှိကြောင်း၊အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၄၂၃၀၆ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၅၃၅၁၉၇၈ ဦးရှိပြီး ယင်းအရေအတွက်သည် ကူးစက် ခံရသူပေါင်း၏ ၅၉ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်