တောင်တွင်းကြီး မတ် ၂၈
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP-phase-2 ဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၅၉ ရွာတို့အား လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကျပ် ၄၂၇၅၅၅၅၁၈ အကုန်အကျခံ တည်ဆောက်ခဲ့ရာ ပြီးစီးပြီဖြစ်၍ မတ် ၂၇ ရက် ညနေ ၄ နာရီက တောင်တွင်းကြီးမြို့နယ် ဟင်းဂရော်အုပ်စု၊ တလုပ်ပင်ကျေးရွာ လျှပ်စစ်မီးလင်းခြင်း အထိမ်းအမှတ် အောင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ AE ဦးဝင်းကိုက လျှပ်စစ်သုံးစွဲမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာပြည်သူများအား အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စား လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ကျော်က ယခင်က ဖယောင်းတိုင်မီးကိုသာ သုံးစွဲခဲ့ရာမှ ယခုအခါ လျှပ်စစ်မီးအလင်းရောင် ရရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားသည်။
ယင်းနောက် ထရန်စဖော်မာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ တလုပ်ပင်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၁၁၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး၊ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနှင့် ၁၁ ကေဗွီလိုင်းအတွက် ငွေကျပ်သိန်း (၅၀၀) ကျော် တန်ဖိုးရှိဆက်စပ်ပစ္စည်များ ပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူ (၂၈၈)အိမ်ထောင်စုတို့မှ တည်ဆောက်စရိတ် စုစုပေါင်း ငွေကျပ်သိန်း (၃၀၀) အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


