ပေကျင်း မတ် ၂၈
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မတ် ၂၁ ရက်က ပျက်ကျခဲ့သည့် လေယာဉ်၏ ဒုတိယမြောက် ဘလက်ဘောက်စ်ကို မတ် ၂၇ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု အမျိုးသားအရေးပေါ် တုံ့ပြန်ရေးဌာနချုပ်က သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ကူမင်းမှ ကွမ်ကျိုသို့ ဦးတည်ပျံသန်းစဉ် ၂ နာရီ ၃၈ မိနစ်တွင် ဝူကျိုမြို့ တန်ကျန်းစီရင်စု မိုလန်ကျေးရွာအနီး တောင်ကုန်းထူထပ်ရာ နေရာတွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၁၃၂ ဦးစလုံးမှာ သေဆုံးသွားခဲ့သည်ဟု အမျိုးသားအရေးပေါ်တုံ့ပြန်ရေး ဌာနချုပ်၏ ပြောကြားချက်အရ သိရသည်။
လေယာဉ်၏ပထမဘလက် ဘောက်စ်ကို မတ် ၂၃ ရက်က ရှာဖွေတွေ့ရှိခဲ့သည်။ ပထမဘလက်ဘောက်စ်၏ ဒေတာ အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာမှုလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ဆင်ဟွာ