ကျိုင်းတုံ မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အင်္ဂလိပ်စာ၊ ပန်းချီ၊ ရှေးဦးသူနာပြုစုနည်း၊ ဗီဒီယိုတည်းဖြတ်နည်း သင်တန်းများကို နွေရာသီကာလအတွင်း အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းကို မတ် ၂၉ ရက်မှ ၃၀ ရက်ထိလည်းကောင်း၊ ရှေးဦးသူနာပြုစုနည်း သင်တန်းကို ဧပြီ ၄ ရက်မှ ၆ ရက်ထိလည်းကောင်း၊ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ဧပြီ ၂၁ ရက်မှ ၂၃ ရက်ထိလည်းကောင်း၊ အင်္ဂလိပ်စာ(Grammar) သင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်ထိ လည်းကောင်း သက်ဆိုင်ရာ ကျွမ်းကျင်သင်တန်းနည်းပြများဖြင့် အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


