မတ် ၂၈

 

အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၇၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၉၉၈၉၅၃ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ဦးရေ ၁၀၀ ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၅၄၆၇၀  ရှိလာသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ထိုရောဂါကူးစက်မှုမှကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၂၄၉၉ ဦးရှိရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၅၇၁၄၆၆၂ ဦး ရှိသည်။

 

အင်ဒိုနီးရှားအစိုးရသည် ကိုဗစ်ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး  ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၁၉၅ ဒသမ ၈၈ သန်းရှိသည်။ ၁၅၇ ဒသမ ၈၄ သန်းကျော်သည် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

သက်ဆိုင်ရာအာဏာပိုင်များက တရုတ်နိုင်ငံကထုတ်လုပ်သော ဆီနိုဗက်ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတည်ပြုခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစတင်ကာ လူအုပ်စုလိုက် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံမှုများလုပ်ဆောင်ခဲ့ကြသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၇၃ ဒသမ ၆၉ သန်းကျော် ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို