မတ် ၂၈
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၄၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀၇၂၀၀၅ ဦးအထိ ရှိလာသည်။
အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၄၃ ဦးကို ပီစီအာ စမ်းသပ်စစ်ဆေးမှုဖြင့်လည်းကောင်း၊ ၄၃၀၅ ဦးကို အေအာတီ စမ်းသပ်စစ်ဆေးမှုဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သောအချက်အလက်အရ သိရသည်။
ထိုပီစီအာစမ်းသပ်စစ်ဆေးတွေ့ရှိမှုများအနက် ၅၂၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ပြီး ၁၇ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများမှ ကူးစက်ခံရသူများဖြစ်သည်။
ဆေးရုံအသီးသီးတွင် လတ်တလောကုသမှုခံယူနေသူ ၆၉၄ ဦးရှိပြီး ၂၂ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လေးဦး ထပ်မံသေဆုံးခဲ့ပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူဦးရေပေါင်း ၁၂၅၀ ရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို