ဂျေရုဆလင် မတ် ၂၉
အစ္စရေးနိုင်ငံမြောက်ပိုင်းတွင် မတ် ၂၇ ရက်က သေနတ်သမားနှစ်ဦးက ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးနှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ဒေသခံမီဒီယာများက အတည်ပြုပြောကြားခဲ့သည်။
သေနတ်သမားနှစ်ဦးမှာ အသေပစ်ခတ် ဖမ်းဆီးမခံရမီ စားသောက်ဆိုင်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူ အီလီလီဗေးက ပြောသည်။
သေနတ်သမား နှစ်ဦးမှာဟာဒီရာမြို့ အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာရှိ အာရပ်မြို့တွင် နေထိုင်သူများ ဖြစ်သည်။ အစ္စရေးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ကြောင့် ဆုံးပါးသွားခဲ့ပြီး ရဲအရာရှိ ခြောက်ဦးမှာလည်း ဒဏ်ရာရရှိ ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အုပ်စု၏ လက်ချက်မှန်း မသိရသေးဟု ဆိုသည်။
ဆင်ဟွာ