မတ် ၂၉

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်နှင့်အခြားနေရာတို့တွင် ထောင်နှင့်ချီသောလူများ တန်းစီကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ်မြောက်ထိုးနှံမှုခံယူကြသည်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်ထိုးနှံမှုကို ယမန်နေ့ကစတင်က ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။

 

အဆိုပါကာကွယ်ဆေးနှစ်ကြိမ်မြောက်ထိုးနှံမှုသည် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုအစီအစဉ် ဆောင်ရွက်ပြီး နောက် တစ်လခန့်အကြာတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်ထိုးနှံမှုကို မတ်လ ၃၀ ရက်အထိ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလိက ပြောကြားသည်။

 

ကာကွယ်ဆေးနှစ်ကြိမ်မြောက်ထိုးနှံမှုကို လူဦးရေ ၂၂ ဒသမ ၅ သန်းခန့်ထိုးနှံပေးရန် မျှော်မှန်းထားသည်ဟု ၎င်းကဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင်  မတ်လ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၂၇ သန်းနီးပါး ရှိသည်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလက စတင်လုပ်ဆောင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို